Terms of Use
Terms of Use (အသုံးပြုမှု စည်းမျဉ်း)
ဤဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် သင်သည် အောက်ပါ စည်းမျဉ်းများကို လိုက်နာရန် သဘောတူသည်ဟု ယူဆပါမည်။
အသက်
အသက် ၁၈ နှစ်အထက်သာ ဝင်ရောက်နိုင်ပါသည်။ အသက် ၁၈ နှစ်မပြည့်သေးပါက အကောင့်ကို ပိတ်ထားနိုင်ပါသည်။
အကောင့်
အကောင့်တစ်ခုကို တစ်ဦးတည်းသာ အသုံးပြုရမည်။ Password ကို အခြားသူများနှင့် မျှဝေခြင်း မပြုလုပ်ပါနှင့်။ Premium ရှိသော အကောင့်ကို စက်တစ်ခုတည်းတွင်သာ အသုံးပြုနိုင်ပြီး Coin ဝယ်ယူ/အသုံးပြုထားသော အကောင့်များကိုလည်း ဤစည်းမျဉ်း သက်ရောက်စေနိုင်ပါသည်။ စက်ပြောင်းခွင့်ကို ရက် ၃၀ လျှင် တစ်ကြိမ် ရရှိပါသည်။ Browser ပြောင်းခြင်း၊ Cookie ဖျက်ခြင်း၊ Private mode နှင့် အခြား app (Telegram၊ Facebook စသည်) အတွင်းမှ ဖွင့်ခြင်းသည်လည်း စက်အသစ်အဖြစ် သတ်မှတ်ခံရနိုင်ပါသည်။ အကောင့်ကို မျှဝေသုံးစွဲကြောင်း တွေ့ရှိပါက စစ်ဆေးပြီး ကန့်သတ်ခြင်း သို့မဟုတ် ပိတ်ပစ်ခြင်း ပြုလုပ်နိုင်ပါသည်။
ပစ္စည်းမျိုး
Plan ၁ / ၂ / ၃ / ၆ / ၁၂ လ။ upperscan.org မှ ပြောင်းလာသော Lifetime အကောင့်များကို Lifetime အဖြစ် ဆက်လက်ထားရှိပေးပါသည်။
ပြန်မအမ်းခြင်း
Plan ဝယ်ယူမှု အားလုံးကို ငွေပြန်အမ်းမည် မဟုတ်ပါ။ ငွေပိုလွှဲမိခြင်း သို့မဟုတ် မှားလွှဲမိခြင်း ဖြစ်ပါက admin က စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။ ဝယ်ယူပြီးနောက် မလိုချင်တော့ခြင်းကြောင့် ငွေပြန်ရမည် မဟုတ်ပါ။
Plan စည်းမျဉ်း
- Plan ဈေးနှုန်း: ၁ လ = ၆,၀၀၀၊ ၂ လ = ၁၂,၀၀၀၊ ၃ လ = ၁၅,၀၀၀၊ ၆ လ = ၂၅,၀၀၀၊ ၁၂ လ = ၄၅,၀၀၀ ကျပ်။ - သက်တမ်းမကုန်ခင် Plan ထပ်ဝယ်ပါက ကျန်ရက်ပေါ်သို့ ထပ်ပေါင်းပေးပါသည်။ လကို ပြက္ခဒိန်လအလိုက် တွက်ပါသည်။ - Lifetime အကောင့်သည် သက်တမ်းမကုန်ပါ။ စည်းမျဉ်းချိုးဖောက်ပါက ပြန်လည်ရုပ်သိမ်းနိုင်ပါသည်။
ငွေပေးချေမှုကို admin က စစ်ဆေးပြီးမှ Plan ထည့်ပေးပါသည်။ ချိန်ကြာမြင့်နိုင်ပါသည်။
တားမြစ်ချက်
- အကောင့်ကို မျှဝေသုံးခြင်း၊ ရောင်းချခြင်း - Chapter များကို copy၊ download သိမ်းခြင်း၊ အခြားသို့ ပြန်လည်မျှဝေခြင်း - ဝက်ဘ်ဆိုက် သို့မဟုတ် bot ကို ပျက်စီးစေခြင်း၊ အလိုအလျောက် အလုံးအရင်း ဆွဲယူခြင်း (scraping) နှင့် စနစ်ကို အနှောင့်အယှက်ပေးခြင်း - အတု သို့မဟုတ် ပြင်ဆင်ထားသော ငွေပေးချေမှု screenshot ကို တင်သွင်းခြင်း - အခြားသူ၏ အကောင့်ကို password ခန့်မှန်းပြီး ဝင်ရောက်ရန် ကြိုးစားခြင်း
ရပ်ဆိုင်းခြင်း
တားမြစ်ချက်များကို ချိုးဖောက်ပါက အကောင့်ကို ရပ်ဆိုင်းခြင်း သို့မဟုတ် ဖျက်ပစ်ခြင်း ပြုလုပ်နိုင်ပါသည်။ ထိုအခါ ဝယ်ယူထားသော Plan အတွက် ငွေပြန်အမ်းမည် မဟုတ်ပါ။
ပြောင်းလဲခြင်း
စည်းမျဉ်းများကို အချိန်အလျောက် ပြောင်းလဲနိုင်ပါသည်။ အရေးကြီးသော ပြောင်းလဲမှုများကို Telegram channel တွင် အသိပေးပါမည်။ ပြောင်းလဲပြီးနောက် ဆက်လက်အသုံးပြုပါက အသစ်ကို သဘောတူသည်ဟု ယူဆပါမည်။
ဆက်သွယ်ရန်
Telegram bot @upperscan_subscription_bot မှတစ်ဆင့်။
Coin စည်းမျဉ်းများ
• 1 Coin = 1 Ks ဖြစ်ပါတယ်။ Coin ကို Telegram bot ကနေ ဝယ်ရပြီး ဒီ website ပေါ်က Premium အပိုင်းတွေကို တစ်ပိုင်းချင်း ဖွင့်ဖတ်ဖို့ပဲ သုံးလို့ရပါတယ်။
• ဝယ်ပြီးသား Coin ကို ငွေပြန်မအမ်းပါ။ Coin မှာ ငွေသား တန်ဖိုး မရှိပါ — ငွေသားအဖြစ် ပြန်လဲလို့ မရပါ။
• Coin နဲ့ ဖွင့်ထားတဲ့ အပိုင်းကို အမြဲတမ်း ဖတ်လို့ရပါတယ်။ နောက်ပိုင်း အပိုင်းဈေး ပြောင်းသွားရင်လည်း ဖွင့်ပြီးသား အပိုင်းကို မထိခိုက်ပါ၊ Coin ထပ်မဖြတ်ပါ။
• Promotion: 2026 ခုနှစ် နိုဝင်ဘာလ 3 ရက် ည 11:59 (မြန်မာစံတော်ချိန်) အထိ 5,000 Ks နှင့်အထက် ဝယ်ရင် Bonus Coin 20% ထပ်ရပါတယ်။ အဲဒီနောက်ပိုင်း 10,000 Ks နှင့်အထက် ဝယ်ရင် Bonus Coin 10% ရပါတယ်။ Order တင်ချိန်မှာ bot ခလုတ်ပေါ်က ပြထားတဲ့ Bonus အတိုင်း ထည့်ပေးပါတယ်။
• Premium (လစဉ်ကြေး) သက်တမ်း ရှိနေစဉ် Premium အပိုင်းအားလုံးကို ဖတ်လို့ရလို့ Coin မဖြတ်ပါ။ Coin လက်ကျန် မပျောက်ပါ — Premium ကုန်ပြီးမှ သုံးနိုင်ပါတယ်။